ဒလမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက် နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက် နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


MNP - နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်းများရှိ ကျောင်းဆောင်သစ်များ တည်ဆောက်နေမှုကိုကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။


အဆိုပါ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် Aung Nan Pyae ကုမ္ပဏီကတာဝန်ယူ တည်ဆောက်နေသော( ပေ၁၀၀ × ပေ၃၀)ရှိ တာကြီးရပ်ကွက် အမှတ်(၆)အလယ်တန်းကျောင်း(RC) နှစ်ထပ်ကျောင်းဆောင်သစ်ကို သြဂုတ်လအတွင်းတွင် စတင်ဆောက်လုပ် ပေးလျက်ရှိရာ ၄၅ ရာခိုင်နှုန်း ပြီးစီးမှုတို့ကို လည်းကောင်း၊ Aung Nan Pyae ကုမ္ပဏီက တာဝန်ယူတည် နေသော (ပေ၆၀ × ပေ၃၀) ရှိ ရဲချောင်းဝကျေးရွာ မူလတန်း (RC) တစ်ထပ်ကျောင်းဆောင်သစ်ကို စက်တင်ဘာလအတွင်းတွင် စတင်ဆောက်လုပ် ပေးလျက်ရှိရာ ၆၀ ရာခိုင်နှုန်းပြီးစီးမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ထိုကျောင်းဆောင် သစ်များအား သတ်မှတ်သည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ပညာရေးစစ်ကြောင်း အဖွဲ့ဝင်တို့က တာဝန်ခံအင်ဂျင်နီယာနှင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး လမ်းညွှန်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။


ထိုသို့ ပညာရေးစစ်ကြောင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် (၂) ဦးရွှေလှိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနတို့မှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်များ တည်ဆောက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကောင်းမွန်သော အစီအစဉ်ဖြစ်စေရန် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။


သတင်း - မြင့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)