နမ့်ဆန်မြို့တွင် (စတုတ္ထ)အကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့တွင် (စတုတ္ထ)အကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 


MNP -  နိုဝင်ဘာ  ၂၇


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် (စတုတ္ထ) အကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ် ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်ဘော်လုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ လာရောက်ယှဉ်ပြိုင်ကစားကြသော မြို့နယ်အသီးသီးမှ ကစားသမားများကို ကြိုဆိုပါကြောင်း၊လူငယ်များအနေဖြင့် အားကစားကို မြတ်မြတ်နိုးနိုး လိုက်စားရန်လိုအပ်ကြောင်း၊ ယှဉ်ပြိုင်ကစားကျရာတွင် တစ်သင်းနှင့်တစ်သင်း သန့်သန့်ရှင်းရှင်း၊ ခိုက်ရန်မဖြစ်ပွားဘဲ ယှဉ်ပြိုင်ကစားစေလိုကြောင်း ပြောကြားခဲ့ပြီး၊ အားကစားသမားများအား တာဝန်ရှိသူတို့က လိုက်လံဂုဏ်ပြု နှုတ်ဆက်ခြင်း၊ ဒေသစီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်မှ အလှူငွေ(၁၀)သိန်းကျပ် ပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်အရပ်ရပ်အလှူရှင်များမှ အလှူငွေ သိန်း (၂၀၀) ကျပ် ပေးအပ်လှူဒါန်းခြင်း၊ ကျောင်းသူလေးများမှ အကပန်းပွားဖြင့် ကပြဖျော်ဖြေခြင်း၊ ကပြဖျော်ဖြေပေးသောကျောင်းသူများအား ဂုဏ်ပြုငွေချီးမြှင့်ပေးခြင်း၊ ချစ်ကြည်ရေး အနေဖြင့် မြို့မိမြို့ဖနှင့် ဌာနဆိုင်ရာတို့မှ ဘော်လုံးကစားခဲ့ကြပြီးနောက် ဖွင့်ပွဲ အဖြစ် နမ့်ဆန်မြို့နယ်အသင်း နှင့်မူဆယ်မြို့နယ် အသင်း တို့မဲကျယှဉ်ပြိုင် ကစားခဲ့ကြသည်။


ဆက်လက်၍ (စတုတ္ထ)ကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ်ဘော်လုံးပြိုင်ပွဲကို ဌာန ဆိုင်ရာ အကြီးအကဲများ လာရောက်အားပေး ခဲ့ကြပြီး၊ ထိုပြိုင်ပွဲကို လားရှိုး၊ နမ္မတူ၊ ကျောက်မဲ၊ မန္တလေး၊ မန်တုံ၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် စုစုပေါင်းမြို့နယ် (၉)မြို့နယ်တို့မှ လာရောက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ၊နိုဝင်ဘာ (၂၅)ရက်မှ ဒီဇင်ဘာ(၂၅) ရက်ထိ ယှဉ်ပြိုင်ကစား သွား မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)