ဘူးသီးတောင်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိ






MNP ၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့က ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု၊ကွန်တိုင်တောင်ကွင်း၌ကျင်းပပြုလုပ် သည်။


အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးဌာနမှူး ဦးအောင်နှင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက် ပျိုးရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးမောင်မောင်ညီနှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြပြီးရိတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ကြရာကွန်တိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၃၂-C)၊ကွန်တိုင်တောင်ကွင်း၊ ဦးပိုင်အမှတ်(၇/၉) တောင်သူဦးအဘူကာလင်၏ စိုက်ပျိုးထားသော မနော်ဟာရီ အထွက်ကောင်းမျိုးအား(၁)ဧက ၏ ကိုယ်စားပြုစံကွက်ငယ် (၁/၁၀၀၀) ဧကကို ရိတ်သိမ်းခဲ့ရာ မနော်ဟာရီအစိုအထွက်(၈၀.၇၉) တင်း၊အခြောက် (၇၂.၁၇)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။


မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အနေဖြင့်တစ်နှစ်ပတ်လုံး စိုက်ပျိုသည့် သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်းများကို ကောက်ယူပြုစုထုတ်ပြန်ပေးလျှက်ရှိပြီး သီးနှံများ၏စိုက်ဧက၊ ရိတ်သိမ်းဧကမှန်ကန်ရေးဆောင်ရွက်ရသည့်အပြင်သီးနှံထုတ်လုပ်မှုစာရင်းမှန်ကန်မှရှိစေရေးအထွက် အရေးကြီးသီးနှံ၏ ပျမ်းမျှအထွက်နှုန်းရရှိစေရန် စံကွက်ရိတ်သိမ်းခြင်းနည်းလမ်းများကို အသုံးပြု၍ တွက်ချက်ထုတ်ပြန်လျှက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးအောင်နှင်းထွေးထံမှ သိရှိရပါသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)