သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး



MNP - နိုဝင်ဘာ   ၂၁


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။


မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးရာ၌ မြန်မာ့စီးပွားရေးဘဏ် မန်နေ ဂျာက အနီးကပ်ကြီးကြပ်၍ ဘဏ်ဝန်ထမ်းများက ပင်စင်လစာ ထုတ်ယူသူများ အခက်အခဲမရှိစေရေးနှင့် လူစု လူဝေးမဖြစ်စေရေး  အုပ်စုများခွဲကာ သတ်မှတ်နေ့ရက်အလိုက် အလှည့်ကျ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သပြေဝကျေးရွာ၊ ဟံဇားကျေးရွာနှင့် ကြက်မောက်ကျေးရွာ၊ နေ့လယ်ပိုင်းတွင် မြို့ပေါ် အမှတ် (၁)၊(၂)နှင့်(၃) ရပ်ကွက်တို့တွင် နေထိုင်သော အငြိမ်းစားဝန်ထမ်း (၃၀၀) ဦးတို့အား ထုတ်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။


သာစည်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၇)အုပ်စုတွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာခံစားသူ စုစု ပေါင်း ၂၆၀၀ ဦး တို့၏ ပင်စင်လစာများကို နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်းများနှင့်အညီ သတ်မှတ်အုပ်စုများအလိုက် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်း စားဝန်ထမ်းများ၏ ပင်စင်လစာများကို ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)