ဒိုက်ဦးမြို့နယ် ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ် ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၆


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဒိုက်ဦးမြို့နယ် ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။


အခမ်းအနားတွင် ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်သူထိုက်က အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ် ထက်မြက်ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့၊ ပြဿနာများကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အပြင် ယနေ့လူငယ်တွေ စာဖတ်သည့် အကျင့် ကောင်းများ ရရှိစေရန်နှင့် အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိသည့် အသိပညာများကို သူတစ်ပါးအားမျှဝေပေးနိုင်ရန်၊ လူထုအကြားအပြန်အလှန် ဆွေးနွေး မေးမြန်း/ဖြေကြားနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။


ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်နှင့် ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်သူထိုက်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကြပြီး လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အနာဂါတ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းသင်ကျောင်းမှ ဆရာ/ဆရာမမှ ၁၁ ဦးနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၅၆)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)