MNP ၊ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနက “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ၊ကလေးတိုင်းအတွက်ဆောင်ရွက်စို့”ဆောင်ပုဒ်နှင့်အညီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်”ကမ္ဘာ့ကလေးများနေ့”အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဂွမူလတန်းကြိုကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဂွမူလတန်းကြိုကျောင်းမှ ကလေးငယ်များက ဘောလုံစီကစားနည်း၊ ခေါင်းအုံးရွက်ကစားနည်း၊ ဘောလုံးကျောကပ် ကစားနည်း၊ အာလူးကောက်ကစားနည်း၊ မုန့်ကိုက်ကစားနည်း၊ ခုံသယ်ကစားနည်း၊ shape စာလုံးရွေးချယ် ကစားနည်း၊ ဂျီဩမေတြီကစားနည်းစသည့် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment