MNP - နိုင်ဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်မှ အမှာစကား ပြာကြားရာ၌ တိုင်းဒေသကြီးမှတဆင့် မြို့နယ်မှ လိုအပ်သော စာရင်းဇယားများကို တောင်းခံလာပါက အချိန်မီနှင့် သတ်မှတ်နေ့အရောက် ပေးပို့ကြရန်၊ မိမိတို့သက်ဆိုင်ရာ ဌာနလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အလုပ်လုပ်ကြရန်၊ မြို့နယ်၏ သန့်ရှင်းသာယာလှပရေးနှင့် မိမိရုံးသန့်ရှင်းရေးများ ဆောင်ရွက်ကြရန်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် မိမိတို့ကဏ္ဍနှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ မြို့နယ်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီး တင်ပြဆွေးနွေးကာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သိန်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment