MNP - နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများရရှိစေရန် စေတနာရှင်များ၊ အလှူရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လှိုင်ဘွဲမြို့ပေါ် (ဃ)ရပ်ကွက်၌ ဗလာမပါ ကံစမ်းမဲနှင့် စတုဒီသာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိ အလှူရှင်များ၊ စေတနာရှင်များက စုပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁)နာရီမှ ည(၈)နာရီအထိ ထမင်း/ဟင်း ကျွေးမွေးခြင်း၊ အချိုရည်တိုက်ခြင်း၊ ပြည်သူများ ပျော်ရွင်နိုင်စေရေးအတွက် ဗလာမပါကံစမ်းမဲ အစီအစဉ်များတွင် စက်ဘီး(၂)စီး၊ ဘုရားဆင်းတုတော်များ၊ ပန်ကာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ကြက်သွန်၊ဆီ၊ အအေးဗူး၊ မုန့်နှင့် စားသောက်ဖွယ်ရာများကို ထည့်သွင်း ဆောင်ရွက်ကာ ပြည်သူများ ပျော်ရွင်စွာ ပါဝင်ခဲ့ကြကြောင်း သိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment