စစ်ကိုင်းမြို့မျက်မမြင်ကျာင်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့မျက်မမြင်ကျာင်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပေး



MNP - နိုဝင်ဘာ  ၂၆


စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှင်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင့်ဝင့်တင့်က ဌာန အနေဖြင့် လုပ်ငန်းကြီး(၇)ရပ်၊ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ဆောင်ရွက်ရေးဆိုပြီး ခေါင်းစဉ်တစ်ရပ် အနေဖြင့် ဦးစားပေး ဆောင်ရွက်ပေးပါတယ် မသန်စွမ်းသူ အမျိုးမျိုးရှိခဲ့ကြပြီး သာမန်လူတွေနဲ့အတူ တန်းတူအခွင့်အရေးရရှိအောင် အဖက်ဖက်မှ ကြိုးစားဆောင်ရွက်ပေးနေပါတယ် အခုလည်း မျက်မမြင် ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရရှိစေရန် အငယ်တန်း/ အကြီးတန်းသက်မှတ် ပြီး အပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ဂိုးဘောပြိုင်ပွဲ၊ ပန်းချီးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနဲ့ သီချင်းဆိုပြိုင်ပွဲတွေကို အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲကျင်းပပေးပြီး ဆုချီးမြှင့် ပေးအပ်သွားမှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အားကစားပြိုင်ပွဲများ စတင် ကျင်းပပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် တာဝန် ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မျက်မမြင်ကျောင်းမှ ကလေးငယ်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)