ပြည်ဖျက်မီဒီယာဆိုသည်မှာ (အပိုင်း-၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာဆိုသည်မှာ (အပိုင်း-၃)



သတင်းဆိုတာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကမ္ဘာအရပ်ရပ်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို အများပြည်သူ သိရှိနားလည်အောင် ပြန်လည်ရေးသားဖော်ပြရခြင်း ဖြစ်ပါတယ်။ သတင်းမှာ သတင်းစံနှုန်းတွေ ရှိတယ်။ သတင်းသမားများမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိတယ်။ အပိုင်း-၁ နဲ့ အပိုင်း-၂ မှာလည်း ထိုက်အလျှောက်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ယနေ့ မြန်မာပြည်သူတွေ သိရှိနေတဲ့ သတင်းများမှာ ၇၀ ရာခိုင်နှုန်းက သတင်းအမှားတွေ ဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်တွေကို မှန်ကန်တိကျစွာ ရေးသားဖော်ပြတာမျိုး မဟုတ်ဘဲ လုပ်ကြံဖန်တီး ရေးသားဖော်ပြနေသော သတင်းများ ဖြစ်သောကြောင့် ဖြစ်စဉ်ဖြစ်ရပ်နဲ့ ကွဲလွဲနေတဲ့ သတင်းတွေပါသလို၊ ဖြစ်စဉ်မရှိဘဲ လုပ်ကြံဖန်တီးရေးသားတဲ့ သတင်းတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လို သတင်းဌာနတွေက မဟုတ်မမှန် လုပ်ကြံသတင်းတွေ ရေးသားဖြန့်ဝေနေသလဲလို့ မေးရင် မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ NLD ရဲ့ ဘက်တော်သား တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်၊ လက်ပါးစေ RFA, VOA, BBC, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော မီဒီယာများမှ ရေးသားဖော်ပြနေတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။

သတင်းမီဒီယာ သမားတစ်ဦးသည် အောက်ပါ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် တာဝန် ရှိသည်-

(က) သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း၊

(ခ) တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသော စာမျက်နှာ၌လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံးအချိန်၌လည်းကောင်း အမြန်ဆုံးဖော်ပြခြင်း၊

(ဂ) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့်စပ်လျဉ်း၍ သတင်းဖော်ပြရာတွင် တရားရုံးကပြစ်မှု ထင်ရှား စီရင်ခြင်းမပြုသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင်သူအဖြစ် မှတ်ယူခြင်းနှင့် တရားရုံးအား မထီမဲ့မြင်ပြုရာရောက်သော သတင်း ဝေဖန်ချက်မျိုးကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဃ) သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲ ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(င) သတင်းဝေဖန်ချက်၊ အာဘော်နှင့် ဆောင်းပါး ရေးသားခြင်းမှ တစ်ပါး သတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော် လုံးဝ မပါရှိစေခြင်း၊

(စ) တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဆ) အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင် ကြဉ်ခြင်း၊

(ဇ) ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း၊

(ဈ) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာခြင်း။


အထက်ပါ ကျင့်ဝတ်များထဲက (က) ကို လိုက်နာရေးသားခြင်း မရှိတဲ့အကြောင်းကို ဖြစ်စဉ်ဖြစ်ရပ်မရှိဘဲ လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်းတွေနဲ့ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ သူတို့တွေဟာ သတင်းမှားတွေ လုပ်ကြံဖန်တီးရေးသားဖော်ပြပြီးတဲ့အခါမှာလည်း အမှားပြင်ဆင် ဖော်ပြခြင်းဆိုတာ မရှိပါဘူး။ သူတို့ဖော်ပြနေတဲ့ သတင်းတွေကို အမှားပြင်ဆင်ချက်အနေနဲ့သာ ပြန်လည်ဖော်ပြမယ်ဆိုရင် (၉၀) ရာခိုင်နှုန်းခန့်ဟာ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေ ဖြစ်နေတဲ့အတွက် ပြင်ဆင်ဖို့ မလွယ်ပါဘူး။ အမှားကြာ အမှန်ဖြစ်ဆိုတဲ့ မူဝါဒနဲ့ ပြည်သူအများကို အသိမှား အမြင်မှား ဖြစ်အောင် မှိုင်းတိုက်နေကြခြင်းဖြစ်ပါတယ်။

ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ ရှေးပဝေသဏီကတည်းက ဘင်္ဂလီတွေ ခိုးဝင်နေထိုင်ခဲ့ကြတာ ရှိတယ်။ တချို့တွေဆိုရင် နိုင်ငံသားကတ်တွေ ရထားကြတယ်။ အဲဒီလူတွေကို သတင်းဌာနတွေက လူမျိုးလိမ်အမည်နဲ့ သုံးနှုန်းရေးသားဖော်ပြကြတယ်။ အားလုံး သတိပြုမိကြပါလိမ့်မယ်။ ဘင်္ဂလီများဟာ မြန်မာနိုင်ငံအတွင်းကိုသာ ခိုးဝင်ခြင်းမဟုတ်ပါဘူး။ အခြားသော နိုင်ငံတွေမှာလည်း ခိုးဝင်နေထိုင်ကြတာတွေ ရှိပါတယ်။ ဆော်ဒီအာရေဗျလို နိုင်ငံအထိ တရားမဝင်လမ်းကြောင်းကနေ ရောက်အောင် သွားကြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ သံအမတ်ကြီးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ဆော်ဒီအာရေဗျ ဟာ သူတို့နိုင်ငံအတွင်းမှာ ခိုးဝင်ရောက်ရှိနေထိုင်တဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံအနေနဲ့ လက်ခံပေးဖို့၊ ဒီလူတွေ နေထိုင်ဖို့၊ စီးပွားရေး လုပ်နိုင်ဖို့ အစစ အရာရာ ထောက်ပံ့ပါမယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ခံပေးပါလို့ တောင်းဆိုလာတာကို သံအမတ်ကြီးက လက်မခံခဲ့ပါဘူး။ တိုင်းပြည်ခေါင်းဆောင်တွေကို ပြန်လည်သတင်းပို့ တင်ပြတဲ့အခါမှာလည်း လက်မခံခဲ့ပါဘူး။ အဲဒီမှာ ဆော်ဒီအာရေဗျ က ဟန်ညောင်ဝေ၊ ဒေါက်တာဇာနည် တို့ကို ပွဲစားငှားပြီး လူမျိုးလိမ်ကို လော်ဘီလုပ်ခိုင်းခဲ့ပါတယ်။ လူမျိုးရေးပြဿနာဖြစ်အောင် အစဉ်တစိုက် လုပ်ဆောင်ဖို့ ပံ့ပိုးပေးခဲ့ပါတယ်။

ပြည်ဖျက်မီဒီယာတွေက တဖက်မှာ NLD ကို ဝန်းရံသလိုလိုနဲပ လူမျိုးလိမ်ကို လော်ဘီလုပ်ပြီး စီးပွားဖြစ်နေကြပါတယ်။ RFA, VOA, BBC, DVB, Mizzima, The Irrawaddy, Khit Thit Media, Myamar Now တို့မှာ ဘင်္ဂလီ ကို ဘင်္ဂလီလို့ ဘယ်တုန်းကမှ မရေးခဲ့ပါဘူး။ လူမျိုးလိမ်အမည်ကို ဖန်တီးသုံးစွဲပြီး အမှားကြာ အမှန်ဖြစ်အောင် ကြိုးစားပမ်းစား ရေးသားဖော်ပြနေကြတာ ငွေကြောင့်ပါပဲ။ ဘင်္ဂလီတွေကို ချစ်လို့တော့ မဟုတ်ပါဘူး။ မချစ်တာကို ချစ်အောင် ကိုင်တွယ်ထားနိုင်တယ်။ ဘင်္ဂလီတွေကို လူမျိုးလိမ်အမည်နဲ့ သုံးစွဲရေးသားဖော်ပြပေးခြင်းအားဖြင့် ငွေရနေတယ်။

ဒါနဲ့ ပတ်သက်လို့ အများပြည်သူ ဗဟုသုတရစေဖို့ အနည်းငယ် ရှင်းပြလိုပါတယ်။ ရွှေသံစဉ် ဦးဝင်းမော် ဆိုတာကို မသိသူ နည်းပါလိမ့်မယ်။ သူဟာ တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ထောင်ဒဏ်နှစ်ရှည်ကျခဲ့ပါတယ်။ တခါလွတ်လာပြီး ၂၀၀၇ ရွှေဝါရောင်မှာ DVB နဲ့ လက်တွဲပြီး သတင်းတွေ ပေးပို့ခဲ့တဲ့အတွက် ထောင်ထပ်ကျရပြန်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာခဲ့ပါတယ်။ သူ DVB သတင်းဌာနမှာပဲ ပြန်ပြီး အလုပ် လုပ်ခဲ့ပါတယ်။ မြန်မာပြည် တာဝန်ခံအဖြစ်နဲ့ လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ လိုရင်းကို အကျဉ်းချုပ်ပြီး ပြောရရင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မှာ ဘင်္ဂလီတွေက မသီတာထွေးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က သတင်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်တာဝန်ခံ ဦးဝင်းမော် က ဘင်္ဂလီကို ဘင်္ဂလီလို့ပဲ ရေးသားဖော်ပြပြီး သတင်းပို့ပါတယ်။ အဲဒါကို ပြည်ပက ဦးဆောင်သူများက လူမျိုးလိမ်နာမည်နဲ့ ရေးပို့ပေးဖို့ ခိုင်းစေပါတယ်။ ဦးဝင်းမော် က "ဒီလူတွေက ဘင်္ဂလီတွေပဲ၊ ဘာကြောင့် လူမျိုးလိမ်အမည်နဲ့ သုံးပြီး ရေးပေးရမှာလဲ၊ ဒီလူမျိုးလိမ်အမည်ကို အစိုးရကလည်း တရားဝင် အသိအမှတ်ပြုထားတာ မရှိဘူး" ဆိုတဲ့အကြောင်း ပြည်ပက DVB ခေါင်းဆောင်ကြီးများကို တင်ပြပါတယ်။ လုံးဝလက်မခံပါဘူး။ ဦးဝင်းမော်ကို မဲဆောက်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဦးဝင်းမော် က ဒီလူမျိုးလိမ်ကို ဘယ်လို မှ လက်မခံခဲ့ပါဘူး။ ဆွေးနွေးမှု အဆင်မပြေဘဲ ဦးဝင်းမော် ပြန်လာခဲ့တယ်။ DVB သတင်းဌာနကနေ အလုပ်ထွက်လိုက်တယ်။ 

ဒီလို အချက်အလက်တွေ ဦးဝင်းမော်ဆီမှာ ရှိတယ်ဆိုတာ သိလို့ ကျွန်တော် သွားရောက်တွေ့ဆုံမေးမြန်းရာမှာ ဦးဝင်းမော် က မခြွင်းမချန် ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလူမျိုးလိမ်ကို ခုတုန်းလုပ်ပြီး ဘာကြောင့်လုပ်မစားတာလဲဆိုရင် သမိုင်းတရားခံ အဖြစ်မခံနိုင်လို့ပါပဲ။ သူဟာ ထောင်ကျစဉ်က ရခိုင်ပြည်ဘက်က အကျဉ်းထောင်တွေမှာ နေခဲ့ရတဲ့အတွေ့အကြုံအရ အကျဉ်းထောင်ထဲမှာ ထောက်လှမ်းရေးဟောင်းတွေနဲ့လည်း တွေ့ခဲ့တယ်။ ရခိုင်နိုင်ငံရေးသမားတွေ၊ ဘင်္ဂလီအကြမ်းဖက်သမားတွေနဲ့ တွေ့ခဲ့ရတဲ့အတွက် ဘင်္ဂလီတွေဟာ လူမျိုးရေးပဋိပက္ခဖန်တီးလိုတဲ့ ရည်ရွယ်ချက်ကို သိရှိထားပြီး ဖြစ်လို့ ဦးဝင်းမော်ဟာ ပြတ်ပြတ်သားသား DVB က နှုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။

ဒီလို အခြေခံအကြောင်းတရားကို အများပြည်သူအနေနဲ့ သိရှိနားလည်ထားမယ်ဆိုရင် အထက်ဖော်ပြပါ မီဒီယာတွေဟာ လူမျိုးလိမ်အမည်ကို ဘာကြောင့် သုံးစွဲဖော်ပြနေကြသလဲဆိုတာ သဘောပေါက်လောက်ပါပြီ။ ဘင်္ဂလီတွေကို ချစ်လွန်းလို့တော့ မဟုတ်ပါဘူး။ သူတို့အတွက် ငွေတွင်း ဖြစ်နေလို့ပါပဲ။

NLD နာယကကြီး ဦးတင်ဦး ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ လူမျိုးလိမ် ဖန်တီးသုံးစွဲမှုကို ရှင်းလင်းပြောဆိုထားတဲ့ ရုပ်သံမှတ်တမ်း ရှိပါတယ်။ မူဂျာဟစ်ဒင် အကြမ်းဖက်အန္တရာယ် ကို သူတို့ကိုယ်တိုင် သွားရောက်နှိမ်နင်းခဲ့ရတဲ့ အတွေ့အကြုံကို အခြေခံပြီး သတင်းဌာနတွေမှာ လုပ်ကြံဖန်တီးဖော်ပြနေတဲ့ အမည်ဟာ အမှန်မဟုတ်ကြောင်း၊ ဘင်္ဂလီများသာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဦးတင်ဦး က အမှန်တရားကို ပြောခဲ့တာပါ။ ပြည်ဖျက်မီဒီယာတွေ အနေနဲ့က တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ အသုံးချလို့ ရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မည်သူ့ကိုမဆို ဝန်းရံသယောင်တော့ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ ဈေးကွက် စီးပွားရေးကို ထိပါးလာတဲ့ ကိစ္စမျိုးကိုတော့ လုံးဝအလေးမထားပါဘူး။ NLD ကို ဝန်းရံတဲ့ မီဒီယာများအနေနဲ့ NLD နာယကကြီးရဲ့ စကားကိုတော့ လုံးဝ အလေးမထားပါဘူး။ ငွေကြေးပံ့ပိုးသူတွေရဲ့ ဆန္ဒကိုပဲ အလေးထားတယ်ဆိုတာ တွေ့ရမှာပဲဖြစ်ပါတယ်။ 

ယနေ့တိုင်းပြည်ကို တပ်မတော်က ခေတ္တတာဝန်ယူထားတဲ့ ကာလမှာလည်း RFA, VOA, BBC, DVB, Mizzima, The Irrawaddy, Khit Thit Media, Myamar Now တို့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ကောင်စီ၊ စကစ၊ အာဏာသိမ်းစစ်တပ် အစရှိသဖြင့် လုပ်ကြံဖန်တီးရေးသားမှုတွေ ပြုလုပ်နေတာကို တွေ့ရပါလိမ့်မယ်။ သူတို့တွေမှာ ကျင့်ဝတ်ဆိုတာ မရှိပါဘူး။ အမှန်တရားကို အလေးထား ရေးသားလို့ မရပါဘူး။ အင်္ဂလန်၊ အမေရိကန်၊ ဆော်ဒီ တို့ ဆီကနေ အထောက်အပံ့တွေ ရယူပြီး ရပ်တည်နေရတာဖြစ်တဲ့အတွက်ကြောင့် အမှန်တရားထက် ငွေကြေးပံ့ပိုးသူတွေရဲ့ အလိုကျဖြစ်စေဖို့ပဲ ဦးတည်ရပါတယ်။ အဲဒီလို ကျွန်သဘောက်စိတ် ကိန်းအောင်နေတဲ့ အတွက်ကြောင့်ပဲ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေကို  မရိုးရလေအောင် လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ သူတို့ကိုသာ အမေရိကန်၊ အင်္ဂလန်၊ ဆော်ဒီတို့က ပံ့ပိုးမှုမရှိတော့ဘူး။ ထောက်ပံ့ပေးတာတွေ မလုပ်တော့ဘူးဆိုတာနဲ့ တပြိုင်နဲ့ သူတို့ရဲ့ အာဘော်တွေလည်း ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

ပြည်သူများကို အမှန်တရား သိခွင့်မရအောင် ၎င်းတို့အား ငွေကြေးထောက်ပံ့ပေးနေသူတွေ အလိုကျ လုပ်ကြံဖန်တီး ရေးသားဖော်ပြနေသူများကို ပြည်ဖျက်မီဒီယာများလို့ ခေါ်ပါတယ်။


(ဆက်လက်ရေးသားဖော်ပြပါမည်။)

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)