မအူပင်မြို့နယ် (Community Centre) ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့နယ် (Community Centre) ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ




MNP - နိုဝင်ဘာဘာ  ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပညာရေးစနစ်နှင့် ကျန်းမာရေးအသိခေါင်းစဉ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကို နိုဝင်ဘာဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက် ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဆရာစိုးဦးဆောင်၍ အဖွဲ့ဝင်ဆရာ ဦးဘိုထွေးတို့က ပါမောက္ခဒေါက်တာ ခင်မောင်အေး၏ ဖြစ်တတ်သော နှလုံးနှင့် သွေးကြောရောဂါများ အကြောင်းနှင့် ပညာရေးနှင့် ပတ်သက်သည့် သိကောင်းစရာများ အကြောင်း စာဖတ်ဝိုင်းကျင်းပရာ တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ စာပေချစ်သူ စာပေ ဝါသနာရှင်များ တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)