ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ များနှင့် မုဒိတာစာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ များနှင့် မုဒိတာစာဖတ်ဝိုင်းကျင်းပ



MNP - နိုဝင်ဘာ   ၁၃


စာအုပ်၊ စာပေကို ချစ်မြတ်နိုးသူများ စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club    မုဒိတာ  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မုဒိတာ စာဖတ်ဝိုင်းတွင်စာပေချစ်မြတ်နိုးသူများBook Club အသင်း ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင် (ရွှေတောင်)က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်ပြီးပြည် မြို့နယ် ဆုံစည်းရာ စာဖတ်ဝိုင်းနာယကဆရာကြီး ဦးခင်အောင်နှင့် ဆရာဦးအောင်မြင့် (အောင်-ဓာတု)တို့က အသီးသီးမိတ်ဆက် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ပြည်မြို့နယ် ဆုံစည်းရာ စာပေချစ်မြတ်နိုးသူများအသင်းနှင့် ရွှေတောင်မြို့နယ် မုဒိတာစာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ၊ ဆရာမကြီးများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။


ဆက်လက်၍  စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း၏ "မင်းယောက်ျားတို့၏ စကားရာဇဝင် "စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာပေချစ်သူများBook Club အသင်း ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် စာရေးဆရာမကြီး အေပရယ်ယုနိုင် (ရွှေတောင်)နှင့် ဆရာကြီး ထွန်းအေးကြိုင် (ရွှေတောင်) တို့မှ စာအုပ်ပါ သိမှတ်ဖွယ်ရာဗဟုသုတများ၊ ကဗျာရသတို့ကို ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူများနှင့် လူငယ်မောင်မယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကို မြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)