မြိတ်ခရိုင်တွင် GAqP ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူထုတ်လုပ် လျက်ရှိသည့် ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား တရုတ်နိုင်ငံစီးပွားရေးသံမှူးနှင့်အဖွဲ့ သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်ခရိုင်တွင် GAqP ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူထုတ်လုပ် လျက်ရှိသည့် ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား တရုတ်နိုင်ငံစီးပွားရေးသံမှူးနှင့်အဖွဲ့ သွားရောက်လေ့လာ



MNP -  နိုဝင်ဘာ   ၁၃


မြန်မာနိုင်ငံရေထွက်ပစ္စည်းများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ရေလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြိတ်ခရိုင်တွင် GAqP ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များနှင့်အညီ မွေးမြူထုတ်လုပ်လျက်ရှိသည့် ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား တရုတ်နိုင်ငံစီးပွားရေးသံမှူးနှင့် အဖွဲ့မှ ယမန်နေ့ မွေးမြူရေးလုပ်ငန်းများသို့ သွား‌ရောက်လေ့လာခဲ့ကြသည်။


ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား တနင်္သာရီ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တရုတ်ပြည်သူသမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်အတွင်းရှိ ရေလုပ်ငန်းရှင်များ သွားရောက် လေ့လာခဲ့ကြသည်။


ရှေးဦးစွာ မြိတ်မြို့နယ် ရေမြစ်ကြီး ကျေးရွာရှိ United Myeik KMK ကုမ္ပဏီ၏ ကကတစ်ငါး အသားတိုး မွေးမြူခြင်းလုပ်ငန်းသို့ သွားရောက်၍ ရေပြင်တွင် ဖောင် (Cage Culture) ဖြင့် ကကတစ် မွေးမြူဆောင်ရွက် ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှတဆင့် ကျွန်းစုမြို့နယ် မစမ်းပါးကျေးရွာရှိ ခိုင်ဇင်ယော် ကုမ္ပဏီလီမိတက်၏ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းသို့ သွားရောက်၍ ရှင်းလင်းဆောင်ကုန်းမြင့်မှ ပုစွန်ကန်များ မွေးမြူ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ကတ္တလူကျေးရွာရှိ ပြည်ဖြိုးထွန်းကုမ္ပဏီ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ကြရာ ပုစွန်ပြုတ်ခြောက်လုပ်ငန်း၊ ပုစွန်ကန်များ မွေးမြူဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည်ရှုခဲ့ကြ၍ ရှင်းလင်းဆောင်ကုန်းမြင့်မှ ပုစွန်ကန်များအား ကြည့်ရှုခဲ့ကြပြီး ပုစွန်ပြုတ်အေးခဲစက်ရုံ တည်ဆောက်နေမှု များအား ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ မရမ်းချောင်းကျေးရွာတွင် ဒေသခံများမွေးမြူလျက်ရှိသည့် ဂျင်းခရုမွေးမြူရေး လုပ်ငန်းအား ကြည့်ရှုအားပေးခဲ့ကြပြီး သန္တုတ်ကျေးရွာ ဒေါင်းကူးမော်ရှိ ကောင်းကောင်း မွေးမြူရေးကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ကြပြီး ကဏန်းပျော့ မွေးမြူဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြ‌ကြောင်း သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)