အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်၊ Dr. Thushara Fernando ဦးဆောင်သောအဖွဲ့ကိုတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်၊ Dr. Thushara Fernando ဦးဆောင်သောအဖွဲ့ကိုတွေ့ဆုံ


MNP ၊ နိုဝင်ဘာ ၂၃

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသော Dr. Thushara Fernando ဦးဆောင်သောအဖွဲ့ကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နှစ်ပေါင်းများစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါကြောင်း နှုတ်ခွန်းဆက်ပြောကြား၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် ဆေးကုသမှုပညာရပ်များ သင်တန်းပေးနိုင်ရေးကိစ္စ၊ ကင်ဆာရောဂါ ဓါတ်ရောင်ခြည်နှင့် အဏုမြူရောင်ခြည် ဆေးကုသမှုဆိုင်ရာသင်တန်းများ စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စ၊ တိုးချဲ့ကာကွယ်ဆေးများထိုးနှံရေး၊ မိခင်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)