အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (International Anti-Corruption Academy_IACA) ၏ (၁၁)ကြိမ်မြောက် အဖွဲ့ဝင်များညီလာခံသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုယ်စား မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (International Anti-Corruption Academy_IACA) ၏ (၁၁)ကြိမ်မြောက် အဖွဲ့ဝင်များညီလာခံသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုယ်စား မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်



MNP ၊ နိုဝင်ဘာ ၃၀

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် နိုဝင်ဘာ ၂၈ ရက်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (International Anti-Corruption Academy_IACA) ၏ (၁၁)ကြိမ်မြောက် အဖွဲ့ဝင်များညီလာခံသို့ မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုယ်စား ဗီယင်နာမြို့ အခြေစိုက်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။


ညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) သို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်များတွင် ပြည်သူများ၏ အသိဉာဏ်နှင့်စွမ်းဆောင်ရည် တိုးမြင့်ရေးအတွက် IACA က ပံ့ပိုးဆောင်ရွက်ပေး နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် မြန်မာနိုင်ငံသည် IACA သို့ ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်(၂၀၂၂-၂၀၂၅)ကို ရေးဆွဲချမှတ်ပြီး၊ နှစ်အလိုက် Action Plan ချမှတ်လျက် နိုင်ငံအတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးအစီအစဉ်များကို နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများက ဖွင့်လှစ်ပို့ချသော သင်တန်းများတွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ (၁၄)ခုတို့တွင် အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့များ (CPU) ဖွဲ့စည်းပြီးစီးမှု၊ အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ် (Public Feedback Programme_PFP) ဆောင်ရွက်နေမှုနှင့် ရာထူးကြီးငယ်မရွေး အဂတိလိုက်စားမှုများကို စုံစမ်းဖော်ထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNODC နှင့်လည်းကောင်း၊ ဒေသတွင်း၌ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများ နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် နှစ်နိုင်ငံချင်း MoU များ လက်မှတ်ရေးထိုးထားပါကြောင်း၊ ဒိန်းမတ်နိုင်ငံနှင့်လည်း LOI လက်မှတ်ရေးထိုးထားပါကြောင်း ရှင်းလင်းပြောကြားသည်။


ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအများအပြားမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ IACA ၏ ရုံးလုပ်ငန်းဆိုင်ရာတိုးတက်မှုများ၊ ၂၀၂၁-၂၀၁၄ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် လက်ရှိအခြေအနေ၊ ပြောင်းလဲလာသောအခြေအနေများနှင့် စိန်ခေါ် မှုများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး Measurement of Corruption နှင့် General Matters ဆိုင်ရာ Resolution (၂)ခုကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)