KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ ထိန်းချုပ်ထားသည့် ‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ ထိန်းချုပ်ထားသည့် ‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်



MNP ၊ နိုဝင်ဘာ ၂၈

KNU၊ KNLA  မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများထိန်းချုပ်ထားသည့် ‌‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား  တပ်မတော်စစ်ကြောင်း များက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


ဖြစ်စဉ်မှာ KNU၊ KNLA  မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့်  ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်အား  ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသ တစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် အဆိုပါဒေသအား တပ်မတော်စစ်ကြောင်းများက   အဆင့်ဆင့် ပြန်လည်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ ယနေ့တွင် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။


ထိုသို့ KNU၊ KNLA  မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ကျေးရွာများအတွင်း ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ ယခုအခါ တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်း အေးချမ်းလျက်ရှိနေပြီဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည် အခြေချနေထိုင်နိုင်ရေး အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာများ ဖြင့် ဖိတ်ခေါ်လျက်ရှိပြီး  ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)