နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နည်းပညာတက္ကသိုလ် စတင်ဖွင့်လှစ်သည့်နေ့၌ တက်ရောက်ပညာသင်ကြား‌နေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နည်းပညာတက္ကသိုလ် စတင်ဖွင့်လှစ်သည့်နေ့၌ တက်ရောက်ပညာသင်ကြား‌နေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး






MNP ၊ နိုဝင်ဘာ ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်၏ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ရာ နေပြည်တော်နည်းပညာတက္ကသိုလ်၌ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။


နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများက သင်ကြားသင်ယူမှုအထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားသင်ယူမှုပြုနေသော သင်ခန်းစာများ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ Language Lab ၊ ကွန်ပျူတာခန်းများ၊ ခေတ်မီစာကြည့်တိုက်နှင့်         e-Library တို့ကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမတွင် ဆရာ၊ဆရာမများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများအား တွေ့ဆုံ၍ လိုအပ်ချက်များအား မေးမြန်းအားပေးခဲ့သည်။


အဆိုပါ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ သုတနည်းပညာဘာသာရပ်နှင့် ဗိသုကာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမို မွေးထုတ်လေ့ကျင့်ပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်သည်။


ယနေ့တွင် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် (၃၄)ကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ် (၂၇)ကျောင်းတို့တွင်လည်း (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)