နိုင်ငံတော်အကြီးအကဲ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs)လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ စိစစ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အကြီးအကဲ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs)လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ စိစစ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဘားအံမြို့ခရီးစဉ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs)လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများစိစစ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် လက်ခံနိုင်သည့်တင်ပြချက်များကို ပြည့်ပြည့်စုံစုံ တင်ပြပေးကြရန်နှင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို တင်ပြပေးကြစေလိုကြောင်း၊ အလေးထား ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်သည့်အတွက် ပြည့်စုံသောတင်ပြချက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ပြည်နယ်အတွင်းစပါးကို အခြေခံသည့်စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေးအတွက် စပါးအထွက်နှုန်းတိုးတက်စေရေး၊ မြေလွတ် မြေလပ်များတွင် နှစ်ရှည်သီးနှံပင်များစိုက်ပျိုးနိုင်ရေး၊ အသားစားနွား၊ ဝက်၊ ငါး၊ ဘဲ  မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပြီး ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေး၊ လိုအပ်သည့်စိုက်ပျိုးရေရရှိရေး နေရောင်ခြည်စွမ်းအင် သုံးဆိုလာစနစ်မှ ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဝါးကိုအသုံးပြု၍ ပျော့ဖက်စက္ကူများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အလားအလာ ကောင်းသော ချဉ်ပေါင် ဖာလာနှင့်အုန်းထွက် ပစ္စည်းအမျိုးမျိုးထုတ်လုပ်နိုင်ရေး၊ စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးနိုင်ရေး ဧကကွက်၊ ဟတ်တာကွက်များအဖြစ် ပြုပြင်ဖော်ဆောင်နိုင်ရေး၊ ဒေသ/ဈေးကွက်နှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်နိုင်ရေး၊ ဥယျာဉ်ခြံ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုကိုအားပေးပြီး ထုတ်ကုန်များအရည်အသွေးကောင်းမွန်စေရေး၊  စားသောက်ကုန်နှင့် လူသုံးကုန်များလုံလောက်စွာ ထုတ်လုပ်နိုင်ရေး၊ MSMEs လုပ်ငန်းရှင်များမှ အလုပ်သမားများအား သင်တန်းပေးအပ်နိုင်ရေး၊ ရေအရင်းအမြစ်များ အသုံးချ၍ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းအရည်အသွေးကောင်းမွန်သည့်ဆန်စက်များ တည်ထောင်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်သည့် ထုတ်ပိုးမှုစနစ်ဖြင့် ပြည်ပသို့တင်ပို့နိုင်ရေး၊ ရော်ဘာနှင့်တိရစ္ဆာန်သားရေများကိုအသုံးပြု၍ ဖိနပ်၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များအတွက် တာယာများထုတ်လုပ်နိုင်ရေး၊ တိုင်းရင်းသား လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဒေသထွက်ကုန်များအား ကုန်ချောအဖြစ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်မှရရှိသောကုန်ကြမ်းဖြင့်ထုတ်လုပ်နိုင်ရေး၊ ပြောင်းထွက်ကုန်များကို ကုန်ကြမ်းအဖြစ် ပြည်ပသို့တင်ပို့ခြင်းထက် ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်တင်ပို့နိုင်ရေး၊ ပြည်နယ်အဆင့်နှင့်လျှော်ညီသည့် မိုးလုံလေလုံအားကစားရုံအသစ်တစ်ခုနှင့် ဒိုင်ဗင်စင်ပါအဆင့်မီ ရေကူးကန်တည်ဆောက်နိုင်ရေး၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်ရေး၊ မြို့တွင်းလမ်းများတိုးချဲ့ရန်နှင့် ပလက်ဖောင်းများ ထည့်သွင်းဆောင်ရွက်နိုင်ရေး၊ ကျေးရွာ/ရပ်ကွက်များတိုးချဲ့နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်နိုင်ရေး၊ လိုင်စင်မဲယာဉ်များမရှိစေရေး စီမံဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)