MNP ၊ နိုဝင်ဘာ ၁
ယနေ့ နံနက်ပိုင်းက ငါ့သရောက်မြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဆည်ကျေးရွာမြောက်ဖျား အိမ်နှစ်လုံး၊ အမှတ်၂ပျဉ်းပင်(ရဲစခန်းမြောက်ဘက်)ရွာမြောက်ဖျားအိမ်တစ်လုံး၊ အမှတ်၂ဈေးကုန်းရဲစခန်း အနောက်တောင်ဘက်နေအိမ်တစ်လုံး၊ အမှတ်၂ဈေးကုန်းရပ် အ.ထ.ကကျောင်းရှေ့ မီးပုလင်းဖြင့်ပစ်ပေါက်မှုများ ထပ်မံကျူးလွန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောကြားချက်အရ မီးလောင်မှူကြောင့် ဆုံးရှုံးမှူနည်းပြီး လူထိခိုက်မှူမရှိကြောင်း သိရသည်။
ဒေသခံများမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ရန်ပြုစော်ကား လုပ်ဆောင်လာမည်ကို စိုးရိမ်လွန်ကဲပြီးရွှေ့ကြပြောင်းကြဖြစ်နေကြကြောင်း၊ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ အကြမ်းဖက်သမားများက ကျူးလွန်ခဲ့သည်ကို စစ်တပ်က လုပ်ပါတယ်ဟု မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
အော်တိုဘာလ ၂၉ ရက်နေ့ကလည်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ငါ့သရောက်နယ်မြေရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment