အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိ



MNP ၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ၄၀ မမဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီအချိန်တွင် အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ရဲစခန်း၏ မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဗန်းမောက်လမ်းဆုံဘက်မှနေ၍ ၄၀ မမဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများသည် သက္ကယ်ကျင်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

   

အကြမ်းဖက်သမားများ၏ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်သည့် ဒေါ်စိန်ရင် (၅၀)နှစ်၊ ဒေါ်မိုးဥမ္မာကျော် (၄၇)နှစ်၊ ဒေါ်သဲကော(၃၂)နှစ်၊ ဒေါ်ဝါဝါခိုင်(၅၁)နှစ်၊ ဒေါ်မိမိငယ်(ခ)မငယ်(၄၃)နှစ်၊ ဒေါ်ခင်ထွေးစိန် (၃၇)နှစ် နှင့် ဒေါ်ကေသွယ်ဝင်း (၄၆)နှစ်တို့ ၇ ဦးတို့တွင် မစိုးရိမ်ရ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

   

ထိုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)