ပြည်ခိုင်ဖြိုးပါတီ က ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် PR အကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ က ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် PR အကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ



MNP ၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲပိုင်းက လာမည့်ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် (PR)နှင့် လူငယ်ရေးရာကိစ္စရပ်များအကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ မြို့နယ်ပါတီကော်မတီဝင်များ  ရပ်ကွက်/ ကျေးရွာအုပ်စုပါတီတာဝန်ရှိသူများ ၊ လူငယ်ခေါင်းဆောင်များအားတွေ့ဆုံရှင်းလင်းခဲ့ကြောင်းသည်။


တွေ့ဆုံခဲ့စဉ်ဒေါက်တာသန့်ဇော်လွင်မှ ရွှေးကောက်ပွဲစနစ်များအကြောင်း၊ နိုင်ငံတကာတွင်ကျင့်သုံးနေသော ရွှေးကောက်ပွဲစနစ်အမျိုးမျိုးအကြောင်း၊ မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့သော ရွှေးကောက်ပွဲစနစ်များ၏ အားနည်းချက်/ အားသာချက်များ ၊ ၂၀၂၀ ပါတီစုံဒီမိုကရေစီစနစ်တွင် တရားမဲ့ပြုကျင့်ဆောင်ရွှက်ခဲ့မှုများအကြောင်း၊ လာမည့်ရွှေးကောက်ပွဲတွင် ကျင့်သုံးမည် PRစနစ်အကြောင်းများအား အကျယ်တဝင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲတွင် လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု၊ ပါတီ၏လူငယ်များအပေါ်မျှော်မှန်းထားရှိသောဆန္ဒသဘောထား ရည်မှန်းချက်၊ ပါတီ၏ရပ်တည်ရှင်သန်နိုင်ရေးအတွက် လူငယ်များ၏အရေးကြီးသောအခန်းကဏ္ဍများ၊ ပါတီ၏ဖွဲ့စည်းပုံတွင် ပြဌာန်းထားသောပါတီဝင် လူငယ်များ၏အခန်းကဏ္ဍ ကျင့်ဝတ် စည်းကမ်း တာဝန် ဝတ္တရားများ ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများတွင် လူငယ်ရေးရာကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)