သိန္နီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)ဆိုင်ရာ အသိပညာပေး(Talk Show) ရိုက်ကူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)ဆိုင်ရာ အသိပညာပေး(Talk Show) ရိုက်ကူး




MNP - နိုဝင်ဘာ   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ)ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ ၆၆/၆(အထစ)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ရိုက်ကူးတင်ဆက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက အသက်(၁၀)နှစ်နှင့် အသက်(၁၈)နှစ်ပြည့်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက် ထားရာတွင်ပါရှိရမည့် စာရွက်စာတမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ယခုကဲ့သို့ ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (Talk Show)အစီအစဉ်များ ရိုက်ကူးကာ We Love Hseni Page နှင့် သိန္နီမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)