ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က ကြီးမှူးကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က ကြီးမှူးကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပ




MNP ၊ နိုဝင်ဘာ ၁၇                   

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က ကြီးမှူးကျင်းပသော (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကို၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဉက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်း၊ ဒုတိယဉက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို) ဉက္ကဋ္ဌ ဦးစိန်သန်းနှင့် ဒုတိယဉက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)(YMBA) မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို တက်ရောက်လာကြသူများက ဒို့ဗမာ သီချင်းအားဖွင့်လှစ်ပြီး စုပေါင်းသီဆို၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) ဒုတိယဉက္ကဋ္ဌ အဂ္ဂမဟာဇောတိကဓဇဒေါက်တာ အောင်မင်းကျော်သူ က အောင်မောင်း  (၂၇)ချက်တီးကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။


ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ ရာသက်ပန် နာယကကြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာအား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဉက္ကဋ္ဌ က ဖတ်ကြားသည်။


ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဉက္ကဋ္ဌက (၁၀၂)နှစ်မြောက်   အမျိုးအသားအောင်ပွဲနေ့နှင့် စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ  ၁ ဦး၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ (၃) ဦး၊ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ၃ ဦးတို့အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဉက္ကဋ္ဌ က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ပေးအပ်သည်။


ယင်းနောက် အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲအား ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က လှူဒါန်း သည့် ငွေကျပ်သိန်း ၅၀ နှင့် အလှူရှင်များက ပေးအပ်ငွေများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို) ဉက္ကဋ္ဌ က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက် ဇာတိမာန်သီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)