မောင်တောမြို၌ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို၌ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP - ဒီဇင်ဘာ  ၁၄


ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက မောင်တောမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံနေသည့် အခြေအနေများ၊ ကာကွယ်ဆေးရရှိမှုနှင့် ကာကွယ်ဆေးလက်ကျန်အခြေအနေများ၊ စာသင်ကျောင်းများအတွင်း ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေး ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး(၁) ဒေါက်တာနုကေသီစံက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအခြေအနေများကို လည်းကောင်း၊ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများက မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆေးထိုးရန်ကျန်ရှိသော အခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေးကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)