မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်




MNP - ဒီဇင်ဘာ ၁၄


မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း (၅) ကြောင်းနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ ထောက်ကြည်တန် ငါးပါးသီလဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နိုင်မှု အခြေအနေများ၊  နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာ ပြုလုပ်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အခြေအနေများနှင့် e-ID ဖြင့်စာရင်းသွင်းပြီးစီးမှု အခြေအနေများ၊ ရွေးကောက်ပွဲအား အချိုးချ ကိုယ်စားပြုစနစ် (PR စနစ်)ဖြင့် ကျင်းပပြုလုပ်မည့် အခြေအနေများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးမှု မရှိစေရေးနှင့် လက်ရှိပညာရေးနှင့် သင်ကြားရေးဆိုင်ရာ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ရေမီတာကောက်ခံမှု၊ လမ်းမီးများပြုပြင်မှု၊ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။


၎င်းနောက် တက်ရောက်လာကြသည့် ပြည်သူများ၏  သိရှိလိုသည်များ မေးမြန်းမှုများအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးသို့ ချမ်းအေးသာစံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ထိပ်ထားနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)