MNP - ဒီဇင်ဘာ ၁၄
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီက စိန်ပန်းကန်ကျေးရွာအုပ်စုအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များဖြစ်သည် ရေချိုရရှိစေရေး၊ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပေးရေး၊ ကျေးရွာအတွင်းလမ်းကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ဆရာ၊ဆရာမများ ပြည့်ဝစွာရရှိစေရေးတို့အပေါ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - သန်းအောင်ဇော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment