မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံ

 


MNP - ဒီဇင်ဘာ ၁၄


မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် မဟာနွယ်စဉ်ရပ်ကွက်ရှိ အောင်ချမ်းအေးဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၂)ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၃) ဦးမောင်မောင်ကြိုင်၊ အမှတ်(၉)စခန်းမှူး ဒု-ရဲမှူကျော်မိုး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာချောချောနိုင်၊ မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးဇော်မင်းဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဇော်ဦး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ Supervisor ဒေါ်ယဉ်ယဉ်နွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးညွှန့်ဝင်းအောင်၊ ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ အဖွဲ့ဝင်(၃)က နိုင်ငံသားများ မှတ်ပုံတင်ပြုလုပ်ရေး၊ ပုံစံ(၆၆/၆)များ ပြုလုပ်ရေးတို့ကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အမှတ်(၉)စခန်းမှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ SME လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုင်စင်လျှောက်ထားရေးတို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးကြသည်။


၎င်းနောက် တက်ရောက်လာသည့်ပြည်သူများမှ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)