ပုသိမ်မြို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်





MNP ၊ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ဂေါက်ကွင်းရှေ့တွင် ယနေ့ နံနက်ပိုင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အား အလိုမရှိ၊ အချုပ်အခြာအာဏာ ထိပါးသူ အလိုမရှိ၊ အကြမ်းဖက် PDF အလိုမရှိ၊ NUG လေလှိုင်းအစိုးရ အလိုမရှိ၊ နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားအောင် ဆောင်ရွက်နေသူများ အလိုမရှိ စသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဗြိတိန်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ဗြိတိန်၏ အဆိုကို အတည်ဆုံးဖြတ်ခဲ့ခြင်းအပေါ် အမှန်တရားနှင့် ကင်းကွာသော ဖော်ပြချက်များ ပါဝင်နေခြင်းကြောင့် နိုင်ငံရေးပါတီများမှလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်တို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်မှုများ မြင့်တက်လာခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)