MNP - ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ် (၁/၂၀၂၂) သင်တန်း ဆင်းပွဲကို ယနေ့နံနက် ၉နာရီအချိန်က ရပ်ကွက်ကြီး(၅)၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
ရှေးဉီးစွာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးတင်အောင်လွင်မှ သင်တန်းဆင်းအမှာ စကားပြောကြားပြီး တာဝန်ရှိသူများက မြို့နယ်အဆင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ် (၁/၂၀၂၂) သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်း သားများအား တူညီဝတ်စုံများ အသီးသီပေးအပ်ခဲ့ကြသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ပြင်ဉီးလွင်မြို့နယ် မီးသတ် ဦးစီးမှူးရုံးတွင် (၅-၁၂-၂၀၂၂) ရက်နေ့မှ (၃၀-၁၂-၂၀၂၂) ရက်နေ့အထိ သင်တန်းကာလ (၁၆)ရက်ဖြင့် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိသင်တန်းနည်းပြ ဆရာများမှ အခြေခံကြိုးချည်နည်း၊ အသက် ရှူကိရိယာများအကြောင်း၊ အသက်ရှူကိရိယာ (B.A set) လေ့ကျင့်ခန်း၊ ရှေးဉီးသူနာပြုစုနည်း၊ လူနာသယ်ဆောင်ခြင်းအမျိုးမျိုး၊ မီးလောင်ခံရသူအား ရှေးဉီးသူနာပြုစုနည်း၊ ဒေသန္တရအသက်ကယ်ပစ္စည်းများ အသုံးပြုနည်း၊ မီးခိုးအန္တရာယ်၊ မီးခိုးထဲတွင် အလုပ်လုပ်မည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးလျော့ပါးရေးတွင်တပ်ဖွဲ့ဝင်များဆောင်ရွက်ရမည့် အချက်များ (ရေ ဘေး/လေဘေး/ငလျင်ဘေး)၊ ရေစိုလေ့ကျင့်ခန်း၊ စစ်ရေးပြ ဆန်းစစ်ချက်၊ မီးသတ်ပညာဆန်းစစ်ချက်နှင့် အသက်ကယ်ပညာဆန်းစစ်ချက် စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်ဉီးလွင် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၅၀)ဦးတက်ရောက် သင်ကြားပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment