MNP - ဒီဇင်ဘာ ၃၀
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မြွေရိုးကျေးရွာအုပ်စု ယင်းမာကုန်းကျေးရွာ၌ မြေနီကျောက်စရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ခင်မြဝင်းက အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဟန်မြင့်ထွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းတို့က မြေနီကျောက်စရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါ မြေနီကျောက်စရစ်လမ်းအရှည်ပေ ၃၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် ဇူလိုင်လတတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment