ဝိုင်းမော်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်



MNP - ဒီဇင်ဘာ ၅


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ ဒေသဖွံ့ဖြိုး ရေး ကိစ္စရပ်များဆောင်ရွက်ပေးနိုင်ရေး စစ်ကြောင်းကြီး (၅) ကြောင်းအသွင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ေဩာက်ဒိဒ် ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းတွေ့ဆုံခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး ထင်လင်းထွန်း၊ ဦးကြည်ထွန်း၊ ဦးအေးလွင်နှင့် အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်တို့က လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်များနှင့် အင်တာနက်စာမျက်နှာတွင် တွေ့နေသည့် သတင်းတု သတင်းမှားများအား ယုံကြည်မှုမရှိပဲ မိမိဒေသတွင်း အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အစဉ်တစိုက် ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန်၊ နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးနေမှုနှင့် ရွှေ့ပြောင်းပြည်သူများ အတွက်လည်း အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိစေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အဖျက်အမှောက် လုပ်ငန်းများအား ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် လက်တွဲပါဝင်လုပ်ဆောင်ပေးကြ စေလိုကြောင်း ပြောကြားသည်။


ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ကာကွယ်ထိန်းချုပ် နိုင်မှုအခြေအနေများ၊ ကာကွယ်ဆေးနှင့် အပိုဆောင်း ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားကာ  တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ဒေသတွင်း လိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။


ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒေသခံပြည်သူ (၁၅၇) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခဲ့ကာ  တက်ရောက်လာသည့် ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်ဆီး၊ ဟောင်းနွမ်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ မွေးစာရင်းတိုးခြင်းနှင့် သေဆုံးစာရင်း ပယ်ဖျက်ပေးခြင်းတို့ကို နေ့ချင်းပြီးဆောင်ရွက်ခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရာသီသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်နှင့် အပိုဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိုင်းနားကျေးရွာနှင့်‌ နောင်တာ‌လောကျးရွာရှိ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂၇၀) ဦး ကျော် တက်ရောက်သည်။


သတင်း - ဖြူစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)