သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လကုန်ရက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လကုန်ရက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



MNP - ဒီဇင်ဘာ  ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လကုန်ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။


ဒေသဖွံ့ဖြိုး တိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင် (၂) ဦးကျော်တိုး၊ အဖွဲ့ဝင် (၃) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပတ်စဉ် လကုန်ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေး မပြတ်ဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေး အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ရန်၊ စာသင်ကျောင်းများ လုံခြုံရေးဂရုစိုက်ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်ကို အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ မှုခင်းနှင့်သက်ငယ်မုဒိန်းများ မဖြစ်စေရေး အသိပေးဆောင်ရွက်ရန်၊ ဘင်္ဂါလီများ တရားမဝင် ဝင်ရောက်မှုမရှိရေး စစ်ဆေးဆောင်ရွက်ရန်၊ လောင်းကစားဝိုင်းများ ပြုလုပ်မှုမရှိစေရေး ဆောင်ရွက်ရန်၊ PSI စလောင်းများ ဖြုတ်သိမ်းအရေးယူဆောင်ရွက်ရန်၊ ဘာသာရေးပွဲ၊ ပွဲလမ်းသဘင်များ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ရန်၊ အပတ်စဉ် စနေနေ့တိုင်း (ပလပ်စတစ်အမှိုက်ကောက်၊ ခြုံနွယ်ရှင်း) ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပေး၊ သတိပေး စစ်ဆေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း ကွင်းဆင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးရေး မျိုးစေ့ရရှိရေး၊ မြေပြင်ရေးတောင်သူများအား တာဝန်ပေးအပ် ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွင်းဖြေ/အပြင်ဖြေ ညကျောင်း၊ စနေ၊ တနင်္ဂနွေ သင်ကြားပေးနေရာ တက်ရောက်ရေး ကြေညာဆောင်ရွက်ရန်၊ Covid-19 ရောဂါ ကာကွယ်ရေး နိုးဆော်ဆောင်ရွက်ရန်၊ အကြိမ်ပြည့် ဆေးထိုးရေးဆောင်ရွက်ရန်၊ တရားမဝင် (အုတ်၊ သဲ၊ ကျောက်၊ မြစ်ချောင်းကျောက်) ဓာတ်သတ္တုတူးဖော်ခြင်း မရှိစေရေး ဆောင်ရွက်ရန်၊ ယစ်မျိုးဆိုင်၊ ဘိလိယက်ဆိုင် စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ တာတမံခွန် ပြေကျေစွာ ပေးသွင်းဆောင်ရွက်ရန်၊ ကျေးရွာများတွင် ပညာရေးမှကျောင်းဆောင်သစ်များ

ဆောက်လုပ်နေမှုအား အချိန်မီပြီးစီးရေး စစ်ဆေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ရပ်/ကျေးများမှ ပြန်လည်ဆွေးနွေး တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)