MNP - ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တောဆင်နင်းခံရပြီး သေဆုံးခဲ့ရသူအား ကယ်ဆယ်ရေးရန်ပုံငွေမှ ၃ သိန်းကို ယမန်နေ့ ၂ နာရီခွဲအချိန်က သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
တောဆင်နင်းခံရသူ၏ ဖြစ်စဉ်မှာ သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ချီပါချောင်ကျေးရွာနေ ဦးကျော်မိုးဦး (ဘ) ဦးစိုးမြင့်သည် ပျဉ်းမထုံးကျေးရွာအုပ်စု၊ နတ်ကတော် (ဒေသအခေါ်) တွင် နိုဝင်ဘာလ၂၂ ရက်နေ့၌ တောဆင်နင်းခံရပြီး သေဆုံးခဲ့ရသူအတွက် ဇနီးတော်စပ်သူ ဒေါ်ဖြူဖြူဝင်း လက်ဝယ်သို့ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်း၊ ကွက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ရီတို့က ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment