၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကသာမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကသာမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ပြုလုပ်ကျင်းပ




MNP - ဒီဇင်ဘာ ၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘက်စုံလူရည်ချွန် ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းအားကစားကို ဆက်လက် ကျင်းပခဲ့ရာ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ လူရည်ချွန်ဆန်းစစ်ချက် အားကစားစွမ်းရည် ပြိုင်ပွဲများ ရွေးချယ်ရာတွင် လူရည်ချွန် ကျောင်းသား/ ကျောင်းသူများအား ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကသာမြို့ပေါ်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ကာ အခြေခံပညာကျောင်းများမှ Grade -9 ကျောင်းသား/ ကျောင်းသူ (၁၄) ဦး၊ Grade -10 ကျောင်းသား/ကျောင်းသူ (၆) ဦး၊ Grade -11 ကျောင်းသား /ကျောင်းသူ (၆) ဦး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၆) ဦးတို့က မီတာ (၁၀၀) ၊ မီတာ (၄၀၀) ၊ မီတာ (၈၀၀) ၊အပြေပြိုင်ပွဲများ၊ အိပ်ထမတင်ပြိုင်ပွဲ၊ လက်ထောက်မှောက်တင်ပြိုင်ပွဲနှင့် အလျာခုန် အားကစားပြိုင်ပွဲများအား အသီးသီးယှဉ် ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စွာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)