MNP - ဒီဇင်ဘာ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ လူငယ်စကားဝိုင်း ပထမပိုင်းအစီအစဉ်ကို ကျင်းပရာ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူက အဖွင့်အမှာစကားပြောကြား သည်။ ၎င်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းဟန်က အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေး မှူးဦးမျိုးမင်းဇော်၏ ဦးဆောင်မှုဖြင့် လူငယ်စကားဝိုင်းကို ကျင်းပရာ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပထမနှစ် ကျောင်းသား မောင်မင်းချစ်ဝေယံက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ်ကျောင်းသား မောင် စွမ်းရည်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသားမောင်ပိုင်ဇွဲစွမ်းရည်က လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ်ကျောင်းသူ မသွန်းရတီဦးက လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပထမနှစ်ကျောင်းသား မောင်ထွန်းလင်းအောင်က လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသူ မသဲထက်ထက်ဇော်က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေး ကြရာ တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ဖြည့်စွက်ဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ လူငယ် စကားဝိုင်း ကျင်းပရာခန်းမတွင် ကျောင်းသူ၊ ကျောင်းသားများ စာအုပ်စာပေဖတ်ရှု လေ့လာလိုစိတ်မျိုး ဖြစ်ပေါ်စေရန် အတွက် သုတရသစာအုပ်စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသခဲ့ ကြောင်း သိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment