သာကေတမြို့နယ်၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးအမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးအမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


MNP  -   ဒီဇင်ဘာ ၂၄

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန (သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်) ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅:၃၀)နာရီအချိန်က အရှေ့ပိုင်းခရိုင် ရုံးစိုက်ရာ၊ သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမင်းစမ်းအေးက ”မျက် မှောက်ကာလ၌ ကြုံတွေ့ရမည့် ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ အား ရှေးတန်းကျကျတုံ့ ပြန်ရင်ဆိုင်ကြရမည့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်း များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ရှာဖွေကယ်ဆယ်ရေးသင်တန်းမှ တက်မြောက်သည့် အခြေခံရှာဖွေရေး နည်းစနစ်များဖြင့် အသုံးချ၍ ရင်ဆိုင်ကြုံတွေ့ရမည့် ဘေးအန္တရာယ်များ၌ အသုံးချ၍ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံများဖြင့် မိမိမြို့နယ်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုအသုံးချစေလိုကြောင်း” သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။


ဆက်လက်ပြီး ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း၌ တက်ရောက်ကြသည့် ရန်ကုန်အရှေ့ပိုင်းရှိ ခရိုင်(၃)ခရိုင်အတွင်းမှ ကြက်ခြေနီတပ်ဖွဲ့(၁၅)ဦး၊ ပရဟိတလူမှုကူညီရေးအသင်း (၈၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၂၀)ဦး စုစုပေါင်းသင်တန်းသား(၁၂၀)ဦး အား ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ ဗိုလ်တထောင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးအေးလှိုင်၊ အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကိုကိုကြီးနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုငွေများပေးအပ်ကာ သင်တန်းသားများ ကိုယ်စားတာဝန်ရှိသူများမှ လက်ခံရယူပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


အဆိုပါခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၂)အား ဒီဇင်ဘာလ(၁၂)ရက်နေ့မှ(၂၃)ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ အခြေခံကြိုးချည်နည်းစနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ၊ ခေတ်မှီရှာဖွေရေးကယ်ဆယ်ရေး ပစ္စည်းများအား ကိုယ်တွယ်ထိန်းသိမ်းအသုံးပြုခြင်းများ၊ အသက်ရှုကိရိယာအသုံးပြုခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အခြေခံအသက်ကယ်နည်းစနစ်နှင့် လူနာသယ်ဆောင်နည်းများအပြင် မိမိတို့သက်ဆိုင်ရာဒေသအတွင်း ဖြစ်ပွားကြုံတွေ့နိုင်သော ဘေးအန္တရာယ်အမျိုးအစားများ အားတုံ့ပြန်ဆောင်ရွက်ရာတွင် လိုအပ်သည့် ရှာဖွေကယ်ဆယ် ရေးသင်ခန်းစာများအား စာတွေ့လက်တွေ့ပို့ချသင်ကြား ပေးခဲ့ကြောင်း သိရှိရသည်။


ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)