MNP - ဒီဇင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆဌမနေ့ပွဲစဉ်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်ပွဲတွင် စုပေါင်းအသင်းနှင့်ဘုရင့်နောင်ရပ်ကွက်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘုရင့်နောင်(ခ)ရပ်ကွက်အသင်းက စုပေါင်းအသင်းကို (၁၂)ဂိုး၊ (၂)ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစား ဝါသနာရှင်များ စုစုပေါင်းပရိသတ် (၁၅၀)ဦးကျော် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု (ခ)တွင် အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်၍ ပတ်လည်ကစားကြပြီး၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment