MNP - ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း၊ အတွင်းရေးရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(ခ)လော်ခယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့်အတူ ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်က သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသော ဝမ်ဘန်းတံတားနှင့် နမ့်ကုတ်တံတားတို့ကို ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ်တွင် တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment