ပုလောမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂ဝ၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂ဝ၂၂) ဖွင့်လှစ်



MNP - ဒီဇင်ဘာ  ၆


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ညနေ ၃ နာရီက ပုလော မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။     


သင်တန်းတွင်  ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက  မီးသတ်တပ်ဖွဲ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားခဲ့တဲ့ တပ်ဖွဲ့(၁)ဖွဲ့ဖြစ်ကြောင်း ရှေးအစဉ်အလာကောင်းတွေကိုလည်း ထိန်းသိမ်းကာကွယ်ရင်း မိမိတို့လက်ရှိ ထမ်းဆောင်နေတဲ့ တာဝန်ဝတ္တရားတွေကို လူမှုရေး စိတ်ဓာတ်အပြည့်အဝနှင့် ညီနောင်တပ်ဖွဲ့ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများကို တူညီဝတ်စုံများနှင့် စာရေးကိရိယာများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။


သင်တန်းကို  မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များအား သိရှိနားလည်ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ စနစ်တကျ လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကို ပုလောမြို့နယ် အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၃၀) ရက်နေ့ အထိ ဖြစ်ကြောင်း သိရသည်။


သတင်း - ဆုလဲ့ယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)