ရမ်းဗြဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပန်းချီ ၊ စာစီစာကုံး ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပန်းချီ ၊ စာစီစာကုံး ပြိုင်ပွဲကျင်းပ




MNP ၊ ဒီဇင်ဘာ  ၁ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ၂၀၂၂  ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် နှင့်အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပ ပြုလုပ်ကြသည်။


အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ‘ ပညာရေးဖြင့်  ခေတ်တိုးတက်သော ရခိုင်ပြည်ကြီးကို တည်ဆောက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းပန်းချီပြိုင်ပွဲကို ‘သာစွဌာနေ ရခိုင်ပြည်နယ်” ခေါင်းစဉ်ဖြင့်လည်းကောင်းယှဉ်ပြိုင်ကြပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကို ‘ရခိုင်ပြည်နယ်တိုးတက်ရေးနှင့်လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းအဆင့်၌ ‘ရခိုင်ပြည်နယ်သာယာဖို့ ဒို့တွေအားလုံးကြိုးပမ်းစို့” ခေါင်းစဉ်တို့ဖြင့် ကျင်းပပြုလုပ်ရာ  ပန်းချီပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူ (၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် စာစီစကုံးပြိုင်တွင် အလယ်တန်းနှင့်အထက်တန်းအဆင့်မှ ကျောင်းသားကျောင်းသူ (၂၉)ဦးဝင်ရောက် ဖြေဆိုယှဉ်ကြသည်။


ထို့သို့ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင်  ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို လာမည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင်   ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)