ဒဂုံမြောက်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြောက်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ



MNP - ဒီဇင်ဘာ   ၄


၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မသန်စွမ်းအားကစားကွင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။


အဆိုပါ ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို မီတာ ၁၀၀၊ မီတာ ၄၀၀၊  မီတာ ၈၀၀၊ သံလုံးပစ်စသဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များမှ ဆုများအသီးသီးချီးမြှင့်‌ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း -မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)