ဘူးသီးတောင်မြို့၌ ဆင်းရဲနွမ်းပါးသူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အသား၊ ငါးများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ ဆင်းရဲနွမ်းပါးသူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အသား၊ ငါးများ ထောက်ပံ့လှူဒါန်း

 




MNP - ဒီဇင်ဘာ ၁၁


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီတောင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ၊ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇)ရပ်ကွက်များရှိ ပြည်သူများအား အသား၊ငါးများ ထောက်ပံ့ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မအားကစားခန်းမ၌ ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။


အဆိုပါအသား၊ ငါးများထောက်ပံ့လှူဒါန်းခြင်းကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများက ပေးအပ်ရာ ဆင်းရဲနွမ်းပါး အိမ်ထောင်စုမှ မိသားစုဝင်များက လက်ခံရယူခဲ့ကြသည်။


ထိုသို့ဆင်းရဲနွမ်းပါးမိသားစုတို့အား အမဲသားများ ထောက်ပံ့လှူဒါန်းရာတွင် အိမ်ထောင်စု(၁)စုလျှင် အမဲသား(၅၀)သားနှုန်းဖြင့် အိမ်ထောင်စု(၁၅၇)စုတို့အတွက် (၇၈)ပိဿာခွဲ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)