MNP - ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့သည်။
ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း ၈ သင်းရှိပြီး အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနက ပညာရေးဌာနကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲအဖြစ် စည်ပင်သာယာရေး အဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသင်းကနှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဌာနအသင်း က မီးသတ်ဦးစီးဌာနအသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းတို့အားလာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
https://t.me/MyanmarNationalPost
No comments:
Post a Comment