MNP - ဒီဇင်ဘာ ၂၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်တွင် တည်ဆောက်ခဲ့သော ရန်ကင်းသာပန်းခြံသစ် ဖွင့်လှစ်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ပန်းခြံကားပါကင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကင်းသာ ပန်းခြံဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးတင်သိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးအောင်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပန်းခြံအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပြုပြင်ထိန်းသမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment