ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကျင်းပ

 



MNP - ဒီဇင်ဘာ ၃


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာအားကစားလ ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ ဝန်ထမ်းများကစုရပ်ပြုလုပ်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စတင်ခဲ့သည်။


တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးကျန်းမာသန်စွမ်းမှုရှိစေရေး ဌာနဆိုင်ရာဝန်ထမ်းများ၏ လမ်းလျှောက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံး ပူပေါင်းပါဝင်လာစေရန်အတွက်ရည်ရွယ်ပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲကိုဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့လယ်နာရီစင်လမ်းစုံ ဆက်လက်ပြီး အနောက်လမ်းမတော်မှတဆင့် မြို့နယ်မီတာလေးရာပြည်သူ့ အားကစာကွင်းတွင်စုပေါင်း၍ အကြောလျော့သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။


လူထုလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းဌေးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများကအပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)