ရေတင်မြောင်းဖောက်လုပ်ဆောင်ရွက်ထားမှုအခြေအနေ ပဲခူးတိုင်းဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး ဆိုလာရေတင်စက်များနှင့် နွေစပါးမျိုးများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတင်မြောင်းဖောက်လုပ်ဆောင်ရွက်ထားမှုအခြေအနေ ပဲခူးတိုင်းဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး ဆိုလာရေတင်စက်များနှင့် နွေစပါးမျိုးများထောက်ပံ့ပေးအပ်



MNP ၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဂွေးတောက်ခင်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာ၌ တောင်သူများနွေစပါးဧက(၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ရေတင်မြောင်းဖောက်လုပ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ခပေါင်းဆည်(TR) မြောင်းမကြီးဘေးနွေစပါးတိုးချဲ့စိုက်ပျိုးရန် ရေတင်မြောင်းဖောက်လုပ်ထားသည့်နေရာသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူရောက်ရှိပြီး ဝန်ကြီးချုပ်မှခပေါင်းဆည်(TR)မြောင်းမကြီးဘေးရေပေးတူးမြောင်းမှ တောင်သူများနွေစပါးဧက(၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရန် ရေတင်မြောင်းဖောက်လုပ်၍ ရေတင်ဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေစပါးများရေတင်၍ တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆိုလာရေတင်စက်သုံးလုံးနှင့် နွေစပါး(ထိုင်းနှံကောက်)မျိုးစပါးတင်း(၂၀)ကို တောင်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အေမင်းရည်စော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)