မိုင်းဆတ်မြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


MNP - ဒီဇင်ဘာ ၁


မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အခြေခံပညာဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်ကချမှတ်ထားသောမဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ မူဘောင်အတွင်းကနေ မိမိကျောင်းရှိဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကိုစနစ်တကျ စီမံခန့်ခွဲနိုင်မှသာလျှင် အရည်အချင်းနှင့် အရည်အသွေးပြည့်ဝပြီး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင်ကြိုးစားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းတွင် စီမံဘာသာရပ်၊ ဘဏ္ဍဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းဘာသာရပ်၊ ကာယပညာဘာသာရပ်၊ ဒီဇင်ဘာလ(၁)‌နေ့မှ(၃)ရက်နေ့အထိ(၃)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်းမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်သင်ကြားကြကြောင်း သိရှိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)