MNP - ဒီဇင်ဘာ ၂၄
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု လူထုစုပေါင်း လမ်းလျှောက်ပွဲ တတိယပတ်အဖြစ် လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ နှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း နှင့်အဖွဲ့ဝင်များသည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် တြိဂံခွဆုံမှစတင်ပြီး ရွာချောင်းကြီးလမ်းတစ်လျှောက် ရွာချောင်းကြီးကျေးရွာမူလတန်းကျောင်း အထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်လက်ကြံံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ကြသည်။
ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း နှင့်အဖွဲ့များမှအဆိုပါကျောင်းအားကစားကွင်းတွင် ဗလာမပါ ကံစမ်းမဲများအား တပျော်တပါး မဲဖောက်ဆောင်ရွက်ပေးကာ၊ စားသောက်ဖွယ်ရာအဖြစ် ကောက်ညှင်းပေါင်းနှင့် အကြော်များ ဝေငှပေးသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment