MNP - ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ဒီဇင်ဘာလ လူထုအားကစား လှုပ်ရှားမှု အဖြစ် စုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက်(၅)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က စုရပ်ဖြစ်သော တောင်ကုတ်ကမ်းနားလမ်းရှိ အပန်းဖြေအနားယူ ကြသည့်(We Love Taung goke)ရှုခင်းနေရာမှစတင်၍ ဦးအောင်ဇေယျလမ်းအတိုင်း၊ ၎င်းလမ်း မှ ပန်းတောင်း-တောင်ကုတ်လမ်း ၊ အမ်းလမ်းမကြီး မှ စည်ပင်လမ်းဆုံ၊ ထိုမှတစ်ဆင့် ဦးဥတ္တမလမ်း အတိုင်း မူလစုရပ်နေရာသို့ တပျော်တပါးစုပေါင်း လျှောက်ကြကာ (We Love Taung goke)ဆိုင်းဘုတ်ရှေ့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်စဉ် (၁)၊အမှတ်စဉ်(၂)၊ အေရိုးဗစ်သရုပ်ပြမှုများနှင့်အတူစုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များကို ပျော်ပါးစွာပြုလုပ်ခဲ့ကြကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်၌ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment