MNP ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော် မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် မောင်တော မြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံနေသည့် အခြေအနေများ ၊ ကာကွယ်ဆေးရရှိမှု နှင့် ကာကွယ်ဆေးလက် ကျန်အခြေအနေများ ၊ စာသင်ကျောင်းများအတွင်း ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ဆောင် ရွက်နေမှု အခြေအနေများအား သိရှိလိုကြောင်း စသည့်တိုကိုပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်း ချုပ် ရေး နှင့် အရေးပေါ်တုံ့ပြန် ရေး ကော် မတီ အတွင်းရေးမှူး(၁) ဒေါက်တာနုကေသီစံ မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေမှု နှင့် ပတ်သတ်၍ ရှင်း လင်းပြောကြားခဲ့သည်။ ယင်းနောက် မောင်တော နှင့် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ များက မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု နှင့် ဆေးထိုးရန်ကျန်ရှိသော အခြေအနေများအား အကျယ်တ ဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် တက် ရောက်လာသော ခရိုင်အဆင့် ဌာနဆိုင်ရာ များက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သတ်၍ ဝိုင်း ဝန်း ဆွေးနွေးကြရာ လို အပ်သည် များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ပေါင်း စပ် ညှိနှိုင်း ပေးခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment